***အလုပ်အကိုင် အခွင့်အလမ်း အသိပေးကြေညာချက်***ဇူလိုင်လ ၂၄ရက်၊ ၂၀၂၅ ခုနှစ်။E Guard Environmental Services Co. , Ltd သည် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကို ၂၀၁၃ ခုနှစ်မှစတင်၍ အတွေ့အကြုံများစွာဖြင့် ထိပ်ဆုံးမှ ဦးဆောင်ကာ ဆောင်ရွက်ပေးနေသော ကုမ္ပဏီဖြစ်သည်။ကုမ္ပဏီအနေဖြင့် အောက်ဖေါ်ပြပါ လစ်လပ်နေရာများအတွက် ခေါ်ယူလျက်ပါသည်။ရာထူးအမည်: Project Assistant လစ်လပ်နေရာ: ၅ ဦးလုပ်ငန်းတာဝန်သတ်မှတ်ချက်: • စီမံကိန်းအဖွဲ့အား အုပ်ချုပ်ရေးနှင့် လောဂျစ်စတစ်ပံ့ပိုးမှုများပေးရန်။• စာရွက်စာတမ်းပြင်ဆင်ခြင်း၊ ဘာသာပြန်ခြင်း၊ မှတ်တမ်းစီစစ်ခြင်းနှင့် ဒေတာထည့်သွင်းခြင်းများအတွက် အကူအညီပေးရန်။• အစည်းအဝေးများတက်ရောက်ခြင်းနှင့် အစည်းအဝေးမှတ်တမ်းများရေးသားခြင်း။• ခရီးသွားအစီအစဉ်များစီမံခြင်း၊ အစည်းအဝေးများစီမံခြင်း၊ သက်ဆိုင်သူများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေးရန်။• အများပြည်သူ တိုင်ပင်ဆွေးနွေးပွဲများနှင့် အသိပညာပေးခြင်းလှုပ်ရှားမှုများအတွက် ကူညီစီစဉ်ဆောက်ရွက်ရန်။• ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံစစ်တမ်းကောက်ယူခြင်းများတွင် ပါဝင်ခြင်းနှင့် အစီရင်ခံစာများရေးသားခြင်းများတွင် ကူညီဆောင်ရွက်ရန်။• အဖွဲ့အစည်းလုပ်ငန်းတွင် ပူးပေါင်းညှိနှိုင်းပြီး ကောင်းမွန်စွာလုပ်ဆောင်နိုင်ရမည်။• နိုင်ငံအနှံ့ ခရီးသွားနိုင်ရမည်။• လုပ်ငန်းခွင်အတွင်း စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး သက်ဆိုင်ရာ ရာထူးအလိုက် သတ်မှတ်ထားသော သင်တန်းများပြီးမြောက်ရမည်။ပညာအရည်အချင်း : 1. B. Sc. (Environmental Studies); 2. B. E (Chemical, Civil, Mining); ဒီပလိုမာ သိုမဟုတ် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ ရရှိထားသူဖြစ်ရမည်။ အင်္ဂလိပ်စာ ကောင်းမွန်ခြင်းက အထူးအားသာချက်တစ်ခုဖြစ်ပါသည်၊ ဘာသာပြန်ခြင်း၊ အစီရင်ခံစာ ဖတ်ရှုရခြင်း ရေးသားခြင်း အလုပ်များကို ဆောင်ရွက်နိုင်ရပါမည်။ ထို့ကြောင့် Microsoft word, excel, powerpoint soft ကို မြန်မာ အင်္ဂလိပ်နှစ်ဘာသာ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။လုပ်ငန်းအတွေ့အကြုံ : Entry Level ဖြစ်၍ လုပ်ငန်းအတွေ့အကြုံမလိုအပ်ပါ။ သို့သော် လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းက အားသာချက် တစ်ခုဖြစ်သည်။ စိတ်နေစိတ်ထား : သင်ယူလေ့လာလိုစိတ်ပြင်းပြပြီး ကောင်းမွန်စွာ ကြိုးပမ်းသူ ဖြစ်ရမည်၊ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုများနှင့် ပတ်သက်၍ စိတ်ပါဝင်စားသူဖြစ်ရမည်။ရုံးလိပ်စာ : အမှတ် (၁၄၅ က ၂-၃)၊ သီရိမင်္ဂလာလမ်း၊ (၄) ရပ်ကွက်၊ (၈) မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် (၁၁၀၆၂) Google Map link: https: //bit. ly/4cHikaj အလုပ်ချိန် : မနက် ၈: ၃၀ မှ ညနေ ၅: ၀၀ ရုံးပိတ်ရက်: စနေနေ့*၊ တနင်္ဂနွေနေ့နှင့် အများပြည်သူရုံးပိတ်ရက်။(*) လိုအပ်ပါက စနေနေ့တွင် အလုပ်လုပ်ရမည်။အလုပ်လျှောက်ထားရန်အတွက် သင့် CV ကို hr@eguardservices. com သို့ ပေးပို့ပါ။လျှောက်လွှာပိတ်ရက်: ၀၇/၀၈/၂၀၂၅နောက်ထပ်သိလိုသောအချက်အလက်များနှင့် အင်တာဗျူးခေါ်ဆိုမှုများအတွက် ၀၉-၇၉၇၀၀၅၁၉၅ သို့ ဆက်သွယ်နိုင်ပါသည်။Admin/HR Department#JobOpportunity #projectassistant
Customize your resume to highlight skills and experiences relevant to this specific position.
Learn about the company's mission, values, products, and recent news before your interview.
Ensure your LinkedIn profile is complete, professional, and matches your resume information.
Prepare thoughtful questions to ask about team dynamics, growth opportunities, and company culture.